စွန့်စားဖို့မလို
လူဖော်ကိုင်ဖက်တစ်ဦးက အမြင့်မှ ခုန်ချသည့် 'ဘန်ဂီဂျန့်ပင်း' အတွေ့အကြုံကို
ပြောပြရာ၊ ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ရန် စိတ်ကူးမရှိပါ။ သူ့အတွေ့အကြုံက စိတ်ဝင်စား
စရာလဲ ကောင်း၊ လန့်စရာလဲ ကောင်းသည်။ ရော်ဘာသိုင်းကြိုးကြီး တစ်ချောင်းတည်းဖြင့် ပေရာကျော်မြင့်သည့် တံတားပေါ်မှ ခုန်ချ ရမည်ဆိုသော အတွေးက ကျွန်တော့်အတွက် ပျော်စရာမကောင်းပါ။ သို့သော် ဆိုင်းကြိုး
သိုင်းကြိုးမပါဘဲ အလွတ်ခုန်ချခြင်း မဟုတ်ပါ။ အသက်အန္တရာယ် လုံခြုံစိတ်ချစရာ အလွယ်
တကူပြတ်တောက်နိုင်သည့် သိုင်းကြိုးမှာ တစ်
ချောင်းတည်းမဟုတ်၊ နှစ်ချောင်းပင်ရှိသည်။ အသေအချာ ဒီဇိုင်းဆွဲ၊ ပုံစံထုတ်၊ ခံနိုင်ရည်
စမ်းသပ်ထား၍ ထိုသိုင်းကြိုးများကို လုံးဝ
စိတ်ချရသည်။
ထိုအကြောင်းကို နားထောင်ရင်း ခရစ်တော်နောက်လိုက်အတွက် အပြစ်လောက၌ အသက်ရှင်ခြင်းက ကြောင်းကျိုးမမြင်မိုက်မဲသည့် ယုံကြည်ခြင်းနှင့် ခုန်ခြင်းမျိုးမဟုတ်ဟု စိတ်ထဲတွေးမိသည်။ ဘဝ၏အမိုက်မှောင်ဆုံးသော အချိန်တွင်ပင် ကျွန်ုပ်တို့ကို စိတ်ချလုံခြုံစေသော အကာအကွယ်တစ်စုံရှိသည်။ “ယုံကြည်…
ယောက်ျားအစွမ်းသတ္တိ
လွန်ခဲ့သောနှစ်များစွာက တစ်ညတွင် အတော်ညဥ့်နက်မှအိမ်ပြန်လာရာ ဓာတ်လှေကား ၌ ကျွန်တော်နှင့် အခြားလူနှစ်ဦးတို့ ရှိနေသည်။ ကျွန်တော်တို့အားလုံးမှာ နွမ်းနယ်နေကြသည်။ ထိုစဉ် ဓာတ်လှေကားတံခါးပွင့်သွားပြီး ဦးထုပ် နှင့်၊ သိုးရေကုတ်အင်္ကျီဟောင်းနှင့်၊ သစ်ခုတ် ဖိနပ်ရှည်အစုတ်တို့ဝတ်စားထားသည့် တောသား ကောင်းဘွိုင်း တစ်ဦး ဝင်လာသည်။ သူက
ကျွန်တော်တို့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မျက်လုံးချင်းဆုံကာ 'ကောင်းသော ညနေချမ်းပါ။ လူကြီးမင်းတို့' ဟု အသံသြသြနှင့်နှုတ်ဆက်ရာ၊ ကျွန်တော်တို့ အားလုံးမှာ အခေါ်ခံရသည့်အတိုင်း ကိုယ်ကိုမတ်၊ ရင်ကို ကော့လိုက်ကြသည်။
ယနေ့တွင် လူကြီးမင်း ဖခင်များကို
ဂုဏ်ပြုသောနေ့ဖြစ်ပေရာ၊ ယောက်ျားဟူသည့် ဂုဏ်ရည်နှင့်အညီ အသက်ရှင်ခြင်း အကြောင်း ပြောကြပါစို့။ ကျွန်တော်တို့က ခပ်မာမာနှင့်ကြံ့ခိုင်ပုံပေါက်ရန် ကြိုးစား သော်လည်း ၎င်းသည် အပြင်ပန်းသာဖြစ်သည်။ ကြိုးစားအားထုတ်သမျှမှာ မှန်းသလောက်
စံမမီကြောင်းကို မိမိဖာသာသိသည်။ ယုံကြည်ချက်အပြည့်ရှိနေပုံ ပေါ်နေလည်း နောက်ကွယ်တွင် ကြောက်ရွံ့မှု၊ မလုံမလဲဖြစ်မှုနှင့်…
ဘုရားသခင်ဘုန်းကြီးစေ
ဝတ်ပြုစည်းဝေးစကာနီးမှ သီချင်းဆို ပေးရန် လာပြောခြင်းဖြစ်သော်လည်း 'ဂျေးဆန်'
ဝမ်းမြောက်ဝမ်းသာနှင့် လက်ခံခဲ့သည်။ “To
God Be the Glory” ဆိုသော လူတိုင်းသိသည့်
ဓမ္မတေးက သူ့အတွက် အလွန်အဓိပ္ပာယ်ရှိ ခြင်းကြောင့် ထိုသီချင်းကို သီဆိုရန် ရွေးချယ်
လိုက်သည်။ ဘုရားကျောင်း မြေအောက်ခန်း၌
ခဏမျှ လေ့ကျင့်ပြီးနောက် မည်သည့်အတီးမျှ
မပါဘဲ ကဗျာလွတ်သီဆိုခဲ့သည်။
ထိုဘုရားကျောင်းရှိ လူအချို့မှာ သူ၏
ပါဝင်ဆက်ကပ်မှုကို မနှစ်မြို့ကြောင်း သီတင်းပတ်
အတော်ကြာပြီးမှ 'ဂျေးဆန်' ပြန်သိရသည်။ 'ဂျေးဆန်'သည် ထင်ပေါ်လိုခြင်းကြောင့် ဤသို့ပြု
သည်ဟု သူတို့တွေးထင်ကြသည်။ သူတို့သည် 'ဂျေးဆန်' နှင့်မရင်းနှီး၊ သူ့ကို ကောင်းကောင်း မသိခြင်းကြောင့် ဘုရားသခင်ကိုချီးမြှောက်ရန် မဟုတ်ဘဲ သူ့ကို လူအထင်ကြီးအောင် သီချင်းဆိုသည်ဟု 'ဂျေးဆန်' ကို အထင်မှားကြသည်။
ဗိမာန်တော်၌ ဝတ်ပြုကိုးကွယ်ရန်အတွက် ကျွမ်းကျင်ပညာသည်များကို…
စိတ်ကူးယဉ် မိတ်ဆွေမျှသာလော
“ဘုရားသခင်သည် စိတ်ကူးယဉ် မိတ်ဆွေသာ၊ တကယ့် မိတ်ဆွေစစ်ကိုရွေးခြင်းက ကျွန်ုပ်တို့အားလုံးအတွက် ပိုကောင်းမည်” ဟု
ကြော်ငြာတင်ထားရာ၊ ဤအဆိုက ခရစ်ယာန်
များကို စိတ်ကူးယဉ်ပြီး အတွေးထဲ၌ မိတ်ဆွေ
အဖော် ဖန်တီးတတ်သည့် ကလေးများနှင့်ခိုင်းနှိုင်း
ထားသည်မှာ ထင်ရှားလှသည်။ သို့သော် ဘုရား
သခင်သည် စိတ်ကူးယဉ်မိတ်ဆွေ ဟုတ်ပါသလား။
စင်စစ် ဘုရားသခင်၏ ဖြစ်တည်မှု
အမှန်တရားကို ထောက်ခံအားဖြည့်ပေးသော သက်သေအချက်အလက်များရှိသည်။ အောက်ပါ တို့ကို အလေးအနက်ဆင်ခြင်ကြည့်ပါ။
ကမ္ဘာပေါ်ရှိ ဖန်ဆင်းခံရသော အရာများက စကြဝဋ္ဌာ၏နောက်ကွယ်တွင် ဖန်ဆင်းရှင်ရှိကြောင်း ဖော်ပြနေသည်
(ရော ၁း ၁၈ - ၂၀)။ လူသားတစ်ဦးစီ၏ အမှားအမှန်ပိုင်းခြားသိနိုင်စွမ်း၏ နောက်ကွယ်တွင်
ပညတ်ဥပဒေ ချမှတ်ပေးသူရှိကြောင်း သြတပ္ပစိတ်က ဖော်ပြနေသည် (ရော ၂း ၁၄ - ၁၅)။
ဂီတနှင့်အနုပညာဆန်းသစ်တီထွင်မှုများမှာ ဖန်ဆင်းရှင်ဘုရားပိုင်ဆိုင်သည့် ဖန်ဆင်း…
မပြတ်ဆက်သွယ်ထားပါ
တစ်နေ့မနက်က ကျွန်ုပ်၏ကွန်ပျူတာ
၌ အင်တာနက်လိုင်းမမိသဖြင့် အင်တာနက် လိုင်း ချိတ်ပေးသူက စစ်ဆေးကြည့်ပြီး မိုဒမ်းစက် လဲရမည်ဟု ပြောသည်။ ထို့ပြင်
နောက်တစ်နေ့မှ ပြန်သုံးနိုင်မည်ဖြစ်၍ ၂၄ နာရီ လုံးလုံး အင်တာနက်လိုင်းမမိဘဲ နေရမည်ကို စဉ်းစားမိပြီး ကျွန်ုပ်ပြာသွားသည်။ အင်တာနက် မသုံးရဘဲ ဘယ်လိုနေရမလဲ။
အကယ်၍ တစ်ရက်တာမျှ ဘုရားနှင့် ကျွန်ုပ်တို့ အချိတ်အဆက် ပြတ်တောက်သွားပါက ပြာယာခတ်သွားမည်လားဟု မိမိကိုယ်ကို မေးခွန်း ထုတ်မိသည်။ ဘုရားသခင်၏ နှုတ်တော်ထွက် စကားကို အချိန်ယူဖတ်ရှုဆင်ခြင်ခြင်း၊ ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့ အဆက်မပြတ် ချိတ်ဆက်မိပြီ။ ထို့ပြင် ကျွန်ုပ်တို့သည် “တရားကိုကျင့်သောသူ ဖြစ်ကြရမည်” (ယာ ၁း ၂၂ - ၂၄)၊
၁၁၉ ခုမြောက်သောဆာလံကို ရေးဖွဲ့သူက ဘုရားသခင်နှင့် မပြတ် ဆက်သွယ်မှုရှိရန် အရေးကြီးကြောင်းသိသည်။ အထုံးအဖွဲ့တရားတော်တို့ကို…